Bunner

MCS

Mingalardon Cargo Serives (MCS) ၏ Customer Appreciation Dinner အခမ်းအနားအား ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင်၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ(၁၅)ရက်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ Mingalardon Cargo Services Public ကုမ္ပဏီလီမိတက်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးပြည့်ဖြိုးတေဇ နှင့် MCS မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိ အကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် Mingalardon Cargo Services ၏ Deputy ManagingDirector ဦးစောထွန်း မှ ကြွရောက်ချီးမြှင့် ပေးပါသော Department of Civil Aviation ၊Myanmar Police Force နှင့် Myanmar Customs Department မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Ground Handling Agent များ၊ International Airlines များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Freight Forwarders များနှင့် တက်ရောက်ချီးမြှင့်ပေးကြသည့် ဧည့်သည်တော်များအား ကျေးဇူးတင် နှုတ်ခွန်းဆက် စကားပြောကြားပါသည်။
ထို့နောက် Htoo Aviation Group ၏ CEO Mr.Gopal Ramarao မှ စီမံကိန်းလုပ်ငန်းများအကြောင်း နှင့် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်း လုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြပါသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်သည်များအား ကံစမ်းမဲ အစီအစဉ်များ မဲနှိုက်ပေးခဲ့ပြီး The Messenger Band, တေးသံရှင် ကေကေမိုး၊ G-Latt ၊ Jewel နှင့် ဖြိုးပြည့်စုံတို့မှ တေးသံသာ များဖြင့် ဖျော်ဖြေကာ MCS ၏ Customer Appreciation Dinner အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

MCS Customer Appreciation Dinner
Mingalardon Cargo Services proudly celebrated its 7th year anniversary by hosting its annual customer appreciation dinner at Sedona on 15th Feb. The event had in attendance the officials from Department of Civil Aviation, Myanmar Police Force, and Myanmar Customs Department in addition to the heads of many International Airlines, Ground Handling Companies & Freight Forwarders community.
DyMD of MCS, U Saw Tun welcomed all guests and was followed by sharing the future plans by Aviation Group CEO, Mr.Gopal Ramarao. Then a musical extravagance by The Messenger Band, singers G-Latt, Phyo Pyae Sone, Jewel & Kay Kay Moe followed in entertaining all guests present.

Category